တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ကျင့်ရှန်းကျယ် က ယခုလ ၈ရက်နေ့က နိုင်ငံတော် ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် လက်ရှိ စီးပွားရေး လည်ပတ်မှု၌ ဖြစ်ပေါ်လာသော အခြေအနေသစ်နှင့် ကြုံတွေ့နေရသော ပြဿနာသစ်များကို ရည်ရွယ်ပြီး ကွန်မြူနစ် ပါတီ ဗဟို ကော်မတီနှင့် နိုင်ငံတော် ကောင်စီတို့သည် သိပ္ပံနည်း ကျ စွာ မူဝါဒ ချမှတ်ပြီး stockမူဝါဒကို ထိရောက်စွာ လက်တွေ့ အကောင်အထည် ဖော် ဆောင် သည့် တစ်ချိန်တည်းတွင် မက္ကရို မူဝါဒ အပေါ် counter-cyclical ထိန်းညှိမှုကို အား ဖြည့် ဆောင်ရွက်ရေး၊ ထိရောက်သော ပြည်တွင်း ဝယ်လိုအားကို တိုးပွားစေရေး၊ လုပ်ငန်း ကုမ္ပဏီ များအား ကူညီပံ့ပိုးမှုကို အားဖြည့်ဆောင်ရွက်ရေး၊ အိမ်ရာနှင့် မြေရာ ဈေးကွက် ကျဆင်းမှု ရပ်တန့် စေပြီး ပြန်လည် တည်ငြိမ်စေရန် ဖော်ဆောင်ရေး၊ ငွေရင်း ဈေးကွက် တိုးမြှင့်ရေး ကဏ္ဍ ၅ခုတွင် incrementမူဝါဒကို အားဖြည့်ကျင့်သုံးဆောင်ရွက်ကာ စီးပွားရေး ဆက်တိုက် ပြန် လည် တိုးတက်ကောင်းမွန်လာအောင် တွန်းအားပေးနေကြောင်း မိတ်ဆက် ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံသည် increment မူဝါဒကို အားဖြည့်ကျင့်သုံးဆောင်ရွက်
(GMT+08:00)2024-10-08 15:40:57