ပါကစ္စတန် ဝန်ကြီးချုပ်သည် ကရာချိမြို့၌ တရုတ်ကုမ္ပဏီ မော်တော်ယာဉ်များ တိုက်ခိုက်မှု ခံခဲ့ရ ခြင်းတွင် သေဆုံးခဲ့သည့် တရုတ် နိုင်ငံသားများအတွက် ဝမ်းနည်းကြောင်း ဖော်ပြ

(GMT+08:00)2024-10-08 15:42:39  

အောက်တိုဘာလ ၇ ရက်နေ့က ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်သည် ပါကစ္စတန် နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသို့ သွားရောက်ပြီး Qasim ဆိပ်ကမ်း ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံရှိ တရုတ်ဘက်မှ မော်တော်ယာဉ်များ အကြမ်းဖက် တိုက်ခိုက်မှု တွင် သေဆုံး ခဲ့သော တရုတ် နိုင်ငံသားများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

ရှာဘက်ဇ်က ပါကစ္စတန်ရှိ တရုတ် နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးခြင်းသည် ပါကစ္စတန်အစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ ယင်း အဖြစ်အပျက်အပေါ် အလွန် ဝမ်းနည်း ကြေကွဲဖွယ် ကောင်းလှကြောင်း၊ အဆိုပါ အဖြစ်အပျက်ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး ပြစ်မှု ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ပါကစ္စတန်ရှိ တရုတ် နိုင်ငံ သားများ၏ လုံခြုံရေးကို ပိုမို အားကောင်းစွာ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ ပါကစ္စတန် နှင့် တရုတ်ကြား ခိုင်မြဲသော ချစ်ကြည်ရေးကို ဖျက်ဆီးရန် ကြံစည်မှု သည် မည်သည့်အခါမျှ အောင်မြင်ခွင့် မပြုကြောင်း ပြောကြားခဲ့သည်။