ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့ ညပိုင်းက အစ္စရေးအစိုးရသည် တရားဝင် အွန် လိုင်းအခမ်းအနားကို ကျင်းပပြီး ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် အစ္စရေးနိုင်ငံသားများအား အထိမ်းအမှတ်ပြုခဲ့ပါသည်။ ဗီဒီယို မိန့်ခွန်း ပြောကြားရာ၌ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးသည် စစ်ပွဲ ရည်မှန်းချက်များကို ချမှတ်ပြီး ယင်းရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင် လျက် ရှိကြောင်း ဖော်ပြခဲ့ပါသည်။
ဆက်လက်၍ Netanyahu က အစ္စရေး၏ စစ်ရေးလုပ်ဆောင်ချက်များကို အချိန်မတိုင်မီတွင် ရပ်တန့်၍မရကြောင်း၊ ရန်သူများက အစ္စရေး၏ ရှင်သန်မှုနှင့် ငြိမ်းချမ်းမှု အပေါ် ခြိမ်းခြောက်ပါက၊ အစ္စရေးသည် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။