ဘရာဇီးဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ခန့် ပိတ်မိနေကြောင်း မျက်မြင်သက်သေများဆို

(GMT+08:00)2024-10-08 15:45:57  

ဒေသစံတော်ချိန် အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ဘရာဇီးနိုင်ငံ မာနာကာပူရူမြို့ရှိ ဆောက်လုပ်ဆဲ ဆိပ်ကမ်းတစ်ခုတွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ခန့် ပိတ်မိနေသည်ဟု မျက်မြင် သက်သေများနှင့် ဒေသတွင်း သတင်းအေဂျင်စီများက ပြောကြားခဲ့ကြောင်း၊ ၆ ဦးပျောက်ဆုံးနေပြီး ဒဏ်ရာရရှိသူ ၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟု ဒေသခံအစိုးရက အတည်ပြု ပြောကြားခဲ့ကြောင်း၊ အခြားမီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ မတော်တဆမှုကြောင့် အနည်းဆုံး လူ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းမှာ အဆိုပါ ဒေသသည် ယခုနှစ်တွင် မိုးခေါင်ပြီး ဆိပ်ကမ်းတည်ရှိရာ Solimoes မြစ်ရေသည် လက်ရှိတွင် စံချိန်တင် နိမ့်ကျနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်ခဲ့ကြသည်။