တရုတ် ကုမ္ပဏီ ပရောဂျက် ၏ ယာဉ်အဖွဲ့သည် ပါကစ္စတန်၌ အကြမ်းဖက် တိုက်ခိုက်မှု ခံရမှုကြောင့် လူ ၂ဦးသေဆုံးခြင်းနှင့် ပတ်သက်၍ သေချာစွာ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ဖမ်းဆီး ကာ ဥပဒေအရ အရေးယူမည်ဟု တရုတ် ဆို

(GMT+08:00)2024-10-08 15:43:53  

အောက်တိုဘာလ ၇ရက်နေ့က Qasim ဆိပ်ကမ်း ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ တရုတ်ယဉ်အဖွဲ့ အကြမ်းဖက်မှုခံခဲ့ရခြင်းနှင့်ပတ်သက် ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဒေသစံတော်ချိန် အောက်တိုဘာလ ၆ရက်နေ့ ည၁၁နာရီခန့်က တရုတ် ကုမ္ပဏီ ပရောဂျက် ၏ ယာဉ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ ကာရာချီ Jinnah အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် အကြမ်းဖက် တိုက်ခိုက်မှုခံခဲ့ရကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါမှုခင်းကြောင့် တရုတ်နှင့် ပါကစ္စတန်လူမျိုးများ သေဆုံးဒဏ်ရာရရှိခဲ့ပြီး ၎င်းအနက် တရုတ်နိုင်ငံသား ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရခြင်းအပေါ် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မိကြောင်း၊ ယင်းအကြမ်းဖက် လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကာ သေဆုံးသူများအတွက် ဝမ်းနည်းမိ၍ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း၊ တရုတ်နိုင်ငံ သည် ပါကစ္စတန်နိုင်ငံအား ၊ ကုသရေးနှင့် နောက်ဆက်တွဲလုပ်ဆောင်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး ချက်ချင်းပဲ သေသေချာချာ စုံစမ်းစစ်ဆေးကာ ကျူးလွန်သူများကို ဖမ်းဆီး၍ ဥပဒေအရ အရေးယူရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။