ဒေသစံတော်ချိန် အောက်တိုဘာလ ၇ရက်နေ့က အမေရိကန် အမျိုးသား ဟာရီကိန်း သုတေသန စင်တာက ဟာရီကိန်းမုန်တိုင်း“Milton”သည် အင်အားအဆင့် အမြင့်ဆုံး ဖြစ် သည့် ၅အဆင့်သို့ လျင်မြန်စွာ အားကောင်းလာပြီဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ အမေရိ ကန် အမျိုးသား ဟာရီကိန်း သုတေသန စင်တာမှ ခန့်မှန်းချက်အရ ဟာရီကိန်း မုန်တိုင်း “Milton” သည် အောက်တိုဘာလ ၉ရက်နေ့တွင် လူဦးရေထူထပ်သော Tampa ပင်လယ် ကွေ့ ဒေသသို့ ရောက်ရှိမည်ဟု သိရှိရ သည်။
အမေရိကန်အိမ်ဖြူတော်သည် အောက်တိုဘာလ ၇ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင် Florida ပြည်နယ်သည် အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီဟု ပြောကြားခဲ့ ပါသည်။