အောက်တိုဘာလ ၅ ရက်နေ့က အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် လူထောင်ပေါင်း များစွာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ဆန့်ကျင်ကာ အစ္စရေး အစိုးရအား ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး၍ ဖမ်းဆီး ခံရ သူများအား လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါသည်။
ဆန္ဒပြသူများက မိမိတို့အနေဖြင့် အစ္စရေးအစိုးရမှ ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် အာမခံမပေးနိုင်သဖြင့် စိတ်ပျက်မိကြောင်း ပြောကြားပြီး နေတန်ရာဟု မှ ဖမ်းဆီးခံရ သူများ ၏ လုံခြုံရေးအပေါ် ၄င်း၏ နိုင်ငံရေးရပ်တည်ချက် လွှမ်းမိုးခြင်းကို ပြစ်တင် ရှုတ်ချခဲ့ကြသည်။