ရှီကျင့်ဖိန်နှင့် Kim Jong-unတို့သည် တရုတ်-မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ထားရှိသည့် ၇၅နှစ် ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-10-06 12:20:46  

ယခုလ ၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယား အလုပ်သမား ပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ Kim Jong-unတို့သည် တရုတ်-မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ထားရှိသည့် ၇၅နှစ် ပြည့်မြောက်ခြင်းကို ဂုဏ်ပြု သည့် အနေဖြင့် သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် မိမိသည် တရုတ်-မြောက်ကိုရီးယား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ အချိန်ကာလသစ်နှင့် အခြေအနေသစ် မျိုးတွင် တရုတ် နိုင်ငံသည် မြောက်ကိုရီးယားနှင့် အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့် နှစ်ကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး မဟာဗျူဟာ ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ကာ ချစ်ခင်ရင်းနှီးသော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေ၍ နှစ်နိုင်ငံတို့၏ ဆိုရှယ်လစ် လုပ်ငန်းကို ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် လက်တွဲ တွန်းအားပေးလိုကြောင်း ရေးသား ဖော်ပြထားသည်။

Kim Jong-un၏ သဝဏ်လွှာတွင် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်မှုကို ယခင်ကလို တစ်လျှောက်လုံး လက်ဆင့်ကမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးသည် နှစ်နိုင်ငံတို့၏ အရင်းခံ အကျိုး စီးပွားများနှင့် ကိုက်ညီကြောင်း၊ မြောက်ကိုရီးယား ပါတီနှင့် အစိုးရတို့သည် ခေတ်ကာလသစ် ၏ တောင်းဆိုချက်နှင့် အညီ မြောက်ကိုရီးယား-တရုတ် ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။