ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် ဆင်ဥယျာဉ်အတွင်းမှ ဆင်ကောင်ရေ တစ်ရာကျော် ပြောင်းရွှေ့နေရာချထား

(GMT+08:00)2024-10-06 12:28:31  

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ပြည်နယ်တွင် ရေကြီးမှုကြောင့် တောရိုင်းတိရစ္ဆာန်များကို အစိုးရနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စေတနာ့ဝန်ထမ်းများက အရေးပေါ် ကယ်ဆယ်နေကြောင်း၊ ဆင် ၁၁၇ ကောင်ကို ကုန်းမြင့်သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Phumtham Wechayachai က အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောကြားခဲ့ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

စက်တင်ဘာလ အစောပိုင်းမှစ၍ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုး များစွာ ရွာသွန်းခဲ့ပြီး ချင်းမိုင် ပြည်နယ်ရှိ ဆင်သဘာဝဥယျာဉ်သည် ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရကြောင်း သတင်းအရ သိရှိရ သည်။