တရုတ်အမျိုးသားနေ့ ရွှေသီတင်းပတ်တွင် တစ်ပြည်လုံးရှိမီးရထားများသည် ခရီးသည်ဦးရေ စုစုပေါင်း သန်း၁၀၀ကျော်ကို သယ်ယူပို့ဆောင်ခဲ့

(GMT+08:00)2024-10-06 12:30:35  

တရုတ်နိုင်ငံတော်မီးရထားဂရုကုမ္ပဏီလီမိတက်မှ သတင်းအရ အောက်တိုဘာလ ၄ရက်နေ့တွင် တရုတ်တစ်ပြည်လုံးရှိ မီးရထားများသည် ခရီးသည်ဦးရေ ၁၇.၅၄၇သန်းကို သယ်ယူ ပို့ဆောင်ခဲ့ပြီး ၅ရက် ဆက်တိုက် လူ ၁၇သန်းကို ပို့ဆောင် နိုင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ရက်နေ့က တရုတ်အမျိုးသားနေ့ရွှေသီတင်းပတ်ဆိုင်ရာ သယ်ယူ ပို့ဆောင်မှုကို စတင်ဆောင်ရွက်လာခဲ့ပြီးနောက် တစ် ပြည်လုံးရှိ မီးရထားများသည် ခရီးသည်ဦးရေ စုစုပေါင်း ၁၀၅ သန်းကို သယ်ယူပို့ဆောင်ခဲ့ကာ သယ်ယူပို့ဆောင်ရေး လုံခြုံတည်ငြိမ်၍ စနစ်တကျရှိကြောင်း သတင်းရရှိပါသည်။

ဒေသအရပ်ရပ်မှ မီးရထားလုပ်ငန်းဌာနများသည် ဘူတာရုံဆိုင်ရာ ဝန်ဆောင်မှုကို အားဖြည့်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူများအတွက် အဆင်ပြေပြီး အကျိုးရှိစေသော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း၊ ခရီးသည်များအား ပိုမိုကောင်းမွန်စွာ ထိတွေ့ခံစားစေခဲ့ကြောင်း သတင်းအရ သိရှိရသည်။