တရုတ် ရေတပ်မှ Qijiguangသင်္ဘောနှင့် Jingangshanသင်္ဘောသည် ယခုလ ၅ရက် နေ့က မလေးရှား နိုင်ငံ Penang ဆိပ်ကမ်းသို့ ရောက်ရှိပြီး ၃ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် ကို စတင် လှည့်လည်ခဲ့ကြောင်း သတင်းအရ သိရှိရသည်။
ခရီးစဉ် အတွင်း သင်္ဘောစုသည် နှစ်ဖက် တွေ့ဆုံပွဲ၊ ကုန်းပတ်ပေါ် ဧည့်ခံပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ မလေးရှား ရေတပ်နှင့် ကူးလူး ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ယုံကြည်မှုများကို တိုးမြှင့်ရန် ဖြစ်သည်။