လက်ဘနွန်မှ ဆီးရီးယားသို့ လူပေါင်း ၂ သိန်း ကျော် ခိုလှုံလာခဲ့သည်ဟု ကုလသမဂ္ဂ အရာရှိဆို

(GMT+08:00)2024-10-06 12:29:09  

အစ္စရေးနှင့်လက်ဘနွန် ဟစ်ဇ်ဘိုလာ လက်နက်ကိုင် တပ်ဖွဲ့အကြား ပဋိပက္ခပြင်းထန်လာသောကြောင့် ဒေသစံတော်ချိန် အောက်တိုဘာလ ၅ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီး Filippo Grandi က လက်ဘနွန်ကနေ နယ်စပ်ကို ဖြတ်ပြီး ဆီးရီးယားသို့ ဝင်ရောက်ခိုလှုံ သူဦးရေ လူ ၂ သိန်း ကျော်ရှိ ကြောင်း၊  ၎င်းခိုလှုံသူများထဲတွင် လက်ဘနွန်နိုင်ငံသားများနှင့် လက်ဘနွန်တွင်နေထိုင်သော ဆီးရီးယား နိုင်ငံ သားများ ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆီးရီးယားအစိုးရ၊ ဆီးရီးယားလခြမ်းနီအဖွဲ့၊ ကုလသမဂ္ဂဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးနှင့် အခြား အဖွဲ့အစည်းများသည် နယ်စပ်ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ သိရှိရ သည်။