တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူသည် ယခုလ ၅ ရက်နေ့ က အမေရိကန်သမ္မတ ဘိုင်ဒန် သမ္မတ ရှီကျင့်ဖိန်ထံ ပေးပို့သော အမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာနှင့် စပ်လျဉ်းပြီး သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။
မကြာသေးမီက အမေရိကန်သမ္မတ ဘိုင်ဒန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သမ္မတရှီကျင့်ဖိန်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ဂုဏ်ပြုသဝဏ်လွှာတွင် သမ္မတ ဘိုင်ဒန် က တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်း၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အခါသမယ၌ မိမိသည် အမေရိကန်ပြည်သူများကိုယ်စား အဆွေတော်နှင့် တရုတ်ပြည်သူများအား ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဖော်ပြပါရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။