ဒေသ စံတော်ချိန် ယခုလ ၄ရက်နေ့ ညက လက်ဘနွန်တောင်ပိုင်း Bint Jubail ဒေသရှိ ဆေးရုံတစ်ရုံအား အစ္စရေးစစ်တပ်မှ ဗုံး ကြဲ တိုက်ခိုက်ခဲ့ရာ ဆေးဘက် ဆိုင်ရာဝန်ထမ်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း ဒေသစံတော်ချိန် ၅ရက်နေ့ နံနက်အစောပိုင်းက CMG သတင်းအရသိရပါသည်။
ဒဏ်ရာရ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအများစုသည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြ ကြောင်း ဆေးရုံမှ ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။