အောက်တိုဘာလ ၄ ရက်နေ့က ဥရောပသမဂ္ဂမှ လျှပ်စစ်မော်တော်ကားအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှုကိစ္စနှင့်ပတ်သက်သော နောက်ဆုံးစီရင်ဆုံးဖြတ်ချက် မူကြမ်းကို မဲပေးအတည်ပြုခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်လျှောက်လုံး ပြတ်ပြတ်သားသားဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ကားအပေါ် ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်မှုကိစ္စတွင် ဥရောပသမဂ္ဂ၏ တရားမျှတမှုမရှိသော၊ စည်းကမ်းသတ်မှတ်ချက်နှင့်မကိုက်ညီသည့်၊ ကျိုးကြောင်းဆီးလျော်မှု မရှိသော အကာအကွယ်ပေးရေးလုပ်နည်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ဥရောပသမဂ္ဂမှ တရုတ်ထုတ် လျှပ်စစ်မော်တော်ကားအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှု အခွန် တိုးကောက်ခြင်း ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဥရောပ သမဂ္ဂ အနေဖြင့် အခွန်တိုးကောက်ခြင်းသည် မည်သည့်ပြဿနာကို မျှ ကိုင်တွယ်ဖြေရှင်း နိုင်မည် မဟုတ်ဘဲ တရုတ်လုပ်ငန်းကုမ္ပဏီများမှ ဥရောပအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ယုံကြည်စိတ်နှင့် သန္နိဌာန်ကို ယိမ်းယိုင်လာစေ မည်ဟု ရှင်းလင်း ပြတ်သားစွာ သိရှိနားလည်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအား နိုင်ငံရေးဆန္ဒကို အကောင်အထည်ဖော်ရန် လက်တွေ့ကျ ဆောင်ရွက်မှုများကို အမှန် တကယ်ပြသနိုင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်လုပ်ငန်း ကုမ္ပဏီ များ၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် ဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင် လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပသမဂ္ဂမှ တရုတ်ထုတ် လျှပ်စစ်မော်တော်ကားအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှု ၊ အခွန် တိုးကောက်ခြင်းကို ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ဆို
(GMT+08:00)2024-10-05 13:40:10