တရုတ်အမျိုးသားနေ့ရုံးပိတ်ရက်များတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှု၊ စိမ်းလန်းမှု နှင့် ပေါင်းစပ်မှုတို့ဖြင့် တမူထူးခြားသော စားသုံးမှုအသစ်သည် တက်ကြွသော ရှင်သန်အားကို ပြသလျက်ရှိပါသည်။
အမျိုးသားနေ့ရုံးပိတ်ရက်၏ ပထမ ၃ ရက်တွင် ပျမ်းမျှအားဖြင့် နေ့စဉ် လူသန်း ၃၀၀ နီးပါး ခရီးထွက်ခဲ့ကြပါသည်။ ခရီးသွားပလက်ဖောင်းဒေတာများအရ တစ်နိုင်ငံလုံးတွင် ယဉ်ကျေးမှုနှင့် ခရီးသွား စားသုံးမှုရေးရာ လှုပ်ရှားမှု ပွဲစဉ် ၂၄၀၀၀ ခန့်ကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရပါသည်။