ယခုလ ၄ရက်နေ့က ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များသည် မဲခွဲဆုံးဖြတ်ခြင်းဖြင့် ဥရောပ သမဂ္ဂ ကော်မရှင်မှ တင်ပြထားသော ဥရောပ သမဂ္ဂ လျှပ်စစ်ယာဉ် ထောက်ပံ့ကြေး ဆန့်ကျင်ရေး မှုခင်း ဆိုင်ရာ နောက်ဆုံး စီရင်ဆုံးဖြတ်ချက် မူကြမ်းကို အတည်ပြု ပြဋ္ဌာန်းပြီး တရုတ်ထုတ် လျှပ်စစ်ယာဉ်များ အပေါ် နောက်ဆုံး ထောက်ပံ့ကြေး ဆန့်ကျင်ရေး အခွန်ကို ကောက်ခံရန် စီစဉ်ထားကြောင်း သတင်းအရ သိရသည်။ ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တရုတ်-ဥရောပ လျှပ်စစ်ယာဉ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကောင်းမွန်သော အရှိန်ကို ဥရောပ သမဂ္ဂဘက်မှ လျစ်လျူရှုခြင်းအား မိမိတို့သည် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ဥရောပ သမဂ္ဂဘက်မှ သက်ဆိုင်ရာ အဖြစ်မှန်များနှင့် စုံစမ်းစစ်ဆေးရေး စည်းမျဉ်းဥပဒေကို လျစ်လျူရှုပြီး မှားယွင်းသော အတည်ပြုဆုံးဖြတ်ချက်ကို ပြုပြင်ရန် ငြင်းပယ်ခြင်းအား ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ဥရောပ သမဂ္ဂမှ တရုတ်ထုတ် လျှပ်စစ် မော်တော်ယာဉ်များ အပေါ် ထောက်ပံ့ကြေး ဆန့်ကျင်ရေး အခွန် တိုးကောက်ရန် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ တရုတ် လျှပ်စစ်ယာဉ် လုပ်ငန်း ကုမ္ပဏီများသည် အလွန်ကြီးမားသည့် စိတ်ရင်းစေတနာဖြင့် ဥရောပဘက်မှ စုံစမ်းစစ်ဆေးမှုတွင် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဈေးနှုန်း ဆိုင်ရာ ကတိပြုချက် စသည့် နည်းလမ်းများဖြင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းဥပဒေ မူဘောင် အတွင်း တရုတ်-ဥရောပ လျှပ်စစ်ယာဉ် ကုန်သွယ်ရေး အငြင်းပွားမှုကို သင့်လျော်ပြေလည်စွာ ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဈေးနှုန်း ဆိုင်ရာ ကတိပြုချက် စသည့် နည်းလမ်းများဖြင့် တရုတ်-ဥရောပ လျှပ်စစ်ယာဉ် ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး ကောင်စီက ဆို
(GMT+08:00)2024-10-05 13:40:41