အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်ရှိ နေရာအများအပြားကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း ဟူသီလက်နက်ကိုင်တပ်ဖွဲ့များက ပြောကြား

(GMT+08:00)2024-10-05 10:57:47  

 ဒေသစံတော်ချိန် အောက်တိုဘာလ ၄ ရက်‌နေ့ က အမေရိကန်- ဗြိတိန် ညွန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံမြို့တော် ဆာနာ၊ ဟိုဒီဒါပြည်နယ်နှင့် အခြားနေရာများကို လေကြောင်းမှ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်။ ထိုနေ့တွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထား သော နယ်မြေရှိ ပစ်မှတ် ၁၅ ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်ဘက်က လည်း အတည်ပြု ထုတ်ပြန် ခဲ့သည်။ အသေအပျောက်စာရင်းကို ဟူသီလက်နက်ကိုင်တပ်ဖွဲ့က  ယခုအချိန်အထိ မထုတ်ပြန်သေးကြောင်း သတင်းအရ သိရှိရသည်။