တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၇၅နှစ် အတွင်း ကမ္ဘာ ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်သူနှင့် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်သူ အဖြစ် အမြဲ ဆောင်ရွက်နေ

(GMT+08:00)2024-10-05 10:57:19  

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၇၅နှစ် အတွင်း တရုတ် နိုင်ငံသည် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ငြိမ်းချမ်းသော သံတမန်ရေး မူဝါဒကို စွဲကိုင်ထားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ချက်ကို စွဲကိုင်ကျင့်သုံးပြီး ကမ္ဘာ ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု စွမ်း ဆောင်သူနှင့် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်သူ အဖြစ် အမြဲတစေ ဆောင် ရွက်ကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော ခေတ်မီရေး လမ်းကြောင်းပေါ် လျှောက်လှမ်း နေ သည်။

ပထမဦးစွာ အနေဖြင့် တရုတ် နိုင်ငံသည် ကမ္ဘာ ငြိမ်းချမ်ရေး တည်ဆောက်သူ အဖြစ် အမြဲတစေ ဆောင်ရွက်နေသည်။ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၇၅နှစ် အတွင်း တရုတ် နိုင်ငံသည် အရေးကြီးသည့် နိုင်ငံတကာ ပြဿနာများကို ဖြေရှင်းရေး အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ အနက် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များကို အများဆုံး စေလွှတ်သော နိုင်ငံ ဖြစ်သည်။ ၂၀၂၂ခုနှစ်က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို တင်ပြပြီး ရေရှည် ငြိမ်းချမ်ရေး အကောင်အထည် ဖော်ဆောင်ရေး အတွက် အခြေခံ အထောက်အပံ့ အဖြစ် ထောက်ပံ့ပေးခဲ့သည်။ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့သို့ ခြေလှမ်းတစ်လှမ်း တက်လှမ်းလျှင် ငြိမ်းချမ်းရေး အင်အားသည် ပိုမို ကြီးမားလာ ကြောင်း အဖြစ်မှန်များက သက်သေပြနေသည်။

ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုတင်လိုအပ်ချက် ဖြစ်သလို ဖွံ့ဖြိုး တိုးတက်ရေးသည် ငြိမ်းချမ်းရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်သည်။ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်မှသာ ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားပစ်နိုင်သည်။ တရုတ် နိုင်ငံသည် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်သူ အဖြစ် အမြဲ တစေ ဆောင်ရွက်နေသည်။ တရုတ် နိုင်ငံမှ ကမကထပြုသော Belt and Road အဆိုပြု ချက်သည် ကမ္ဘာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အတွက် အားကောင်းသော တွန်းအား ကို ဖော်ဆောင်ပေးသည်။ ၂၀၂၁ခုနှစ်က တရုတ် နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အဆိုပြုချက်ကို တင်ပြခဲ့သည်။

ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန် အတွက် တရား မျှတ မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည့် နိုင်ငံတကာ စည်းစနစ် လိုအပ်သည်။ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် နိုင်ငံတကာ စည်းစနစ်ကို ထိန်း သိမ်း ကာကွယ်သူ အဖြစ် အမြဲတစေ ဆောင်ရွက်ခဲ့ သည်။ ကမ္ဘာတွင်  စနစ် တစ်ခုတည်း သာရှိပြီး ယင်းစနစ်သည် ကုလသမဂ္ဂကို အမြုတေပြုထားသည့် နိုင်ငံတကာ စနစ်ပင် ဖြစ်ကြောင်း၊ စည်းစနစ် တစ်ခုတည်းသာ ရှိပြီး ယင်းစည်းစနစ်သည် နိုင်ငံတကာ ဥပဒေကို အခြေခံသော နိုင်ငံတကာ စည်းစနစ်ပင် ဖြစ်ကြောင်း၊ စည်းမျဉ်း ဥပဒေ တစ်ခုတည်းသာ ရှိပြီး ယင်းစည်းမျဉ်းဥပဒေသည် ကုလမသဂ္ဂ ပဋိညာဉ် စာချုပ်ပါ ရည်မှန်းချက်နှင့် အခြေခံမူများကို အခြေခံသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူပင် ဖြစ်ကြောင်း တရုတ် နိုင်ငံက ခိုင်မာပြတ်သားစွာ ယူဆထား သည်။

လူသားတို့သည် အပြန်အလှန် အမှီသဟဲပြုနေသည့် ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ကြောင်း လွန်ခဲ့သည့် ၇၅နှစ် အတွင်း တရုတ်နိုင်ငံက ပိုမို နက်ရှိုင်းစွာ သိမြင်လာသည်။ ကမ္ဘာ ကောင်းမွန်မှသာ တရုတ် နိုင်ငံသည် ကောင်းမွန်နိုင်ကြောင်း၊ တရုတ် နိုင်ငံ ကောင်းမွန် လျှင် ကမ္ဘာ ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း တရုတ် နိုင်ငံက ခိုင်မာပြတ်သား စွာ ယုံကြည် သည်။