Nord Stream ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ရပ်ကို နိုင်ငံရေးအရ စုံစမ်းစစ်ဆေးမှု မဖြစ်အောင် ရှောင်ရှားဖို့ တရုတ်ပန်ကြား

(GMT+08:00)2024-10-05 12:51:00  

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပခဲ့သော "Nord Stream" ပိုက်လိုင်းကိစ္စနှင့်ပတ်သက်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ လက်ထောက် အမြဲတမ်း ကိုယ်စားလှယ် ကင်ရွှမ် က သက်ဆိုင်ရာနိုင်ငံများအနေဖြင့်  "Nord Stream" ပိုက်လိုင်း ပေါက်ကွဲမှုဆိုင်ရာ အဓိကသက်ဆိုင်သောနိုင်ငံဖြစ်သည့် ရုရှားနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း၊ Nord Stream ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ရပ်ကို နိုင်ငံရေးအရ စုံစမ်းစစ်ဆေးမှု မ ဖြစ်အောင် ရှောင်ရှားဖို့ ပန်ကြားခဲ့ ကြောင်း သိရှိရ သည်။

ဂျာမနီသည် စုံစမ်းစစ်ဆေးမှု၏ တိုးတက်မှုနှင့် ရလဒ်များကို တရားဝင် လမ်းကြောင်းများမှတစ်ဆင့် အမြန်ဆုံး ကြေညာ နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စံနှုန်း နှစ်ရပ်ကို ဖယ်ရှားရန် ဤကိစ္စကို အစမှအဆုံး အာရုံ စိုက်ရန် မျှော်လင့်ကြောင်း ကင်ရွှမ်က ပြောကြား ခဲ့ပါသည်။