တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်တွင် မကာအို နှင့် Hengqin၌ ထူးခြားသော ခရီးသွားလာရေးလုပ်ငန်းများကို မြှင့် တင်ပေးထားပါသည်။ Hengqin ပူးပေါင်း ဆောင်ရွက် ရေး ဇုန် လိုင်း-၁ နှင့် လိုင်း-၂ တို့၌ တစ်နေ့တာ ခရီးသည်ဦးရေ နှင့် ယာဉ် အသွားအလာ အများ ဆုံး နေ့ အဖြစ် စံချိန်တင်ခဲ့ပါသည်။
Gongbeiအကောက်ခွန်ဌာနမှ စာရင်းအရ အောက်တိုဘာလ ၃ရက်နေ့က လိုင်း-၁ Hengqin နယ်စပ်စခန်း မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ဦးရေ ၁သိန်းကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆၆ ရာခိုင်နှုန်းတိုးများလာကာ တစ်နေ့တာ ခရီးသည်ဦးရေ အများဆုံးစံချိန်တင်ခဲ့ကြောင်း၊ ပြည်ဝင်ပြည်ထွက် မော်တော်ယာဉ် အစီးပေါင်း ၇၂၈၀ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅၂.၄ ရာခိုင်နှုန်း တိုးများ လာကြောင်း သတင်းရရှိပါသည်။