၂၀၂၃ ခုနှစ်တွင် EU အဆင့်မြင့် နည်းပညာ ထုတ်ကုန်တင်သွင်းမှု၏ ၃ ပုံ ၁ ပုံ နီးပါးသည် တရုတ်နိုင်ငံမှ တင်သွင်း ထားသည်ဟု EU စာရင်းကောက်ယူရေးဌာနဆို

(GMT+08:00)2024-10-05 12:50:37  

ဒေသစံတော်ချိန် အောက်တိုဘာလ ၄ ရက်နေ့က EU စာရင်း ကောက်ယူရေး ဌာနသည် ၂၀၂၃ခုနှစ် အတွက် EU အဆင့်မြင့် နည်းပညာ  ထုတ်ကုန်တင်သွင်းမှုဒေတာကို ထုတ်ပြန်ခဲ့ပါသည်။ EUသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း တန်ဖိုး ယူရို ၄၇၈ ဘီလီယံရှိသည့် အဆင့်မြင့် နည်းပညာ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် အနည်းငယ် လျော့ကျသွားခဲ့ကြောင်း၊ အဆင့်မြင့် နည်းပညာ  ထုတ်ကုန်ပစ္စည်းများ ပို့ကုန်ပမာဏသည် ယူရို ၄၆၁ ဘီလီယံဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် EU အဆင့်မြင့် နည်းပညာ  ထုတ်ကုန်တင်သွင်းမှု၏ ၃ ပုံ ၁ ပုံ နီးပါးသည် တရုတ်နိုင်ငံမှ တင်သွင်းထား ပြီး စုစုပေါင်း တန်ဖိုးမှာ ယူရို ၁၅၅ ဘီလီယံရှိကြောင်း ကိန်းဂဏန်းများအရ သိရပါသည်။