လက်ဘနွန်မှ တရုတ်နိုင်ငံသား ၁၄၆ ဦး ဘေကျင်းသို့ ဘေးကင်းစွာ ရောက်ရှိ

(GMT+08:00)2024-10-04 17:01:08  

အောက်တိုဘာလ ၂ ရက်နေ့က လက်ဘနွန်နိုင်ငံမှ တရုတ်နိုင်ငံသား ၁၄၆ ဦးနှင့် နိုင်ငံခြားမိသားစုဝင် ၅ ဦးတို့သည် Air China စင်းလုံးငှားလေယာဉ်ဖြင့် ဘေးကင်းစွာ ဘေကျင်းမြို့ကို ရောက်ရှိလာခဲ့သည်။ လက်ရှိတွင် လက်ဘနွန်မှ ထွက်ခွါရန် ဆန္ဒရှိသည့် တရုတ် နိုင်ငံသားများအားလုံး လက်ဘနွန်မှ ဘေးကင်းစွာ ထွက်ခွါကြပါပြီ။ လက်ဘနွန်နိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ၎င်း၏တာဝန်များကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။