အောက်တိုဘာလ ၁ ရက်နေ့က ၂၅ ကြိမ်မြောက် ဆစ်ဆောင်ပနား နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးပြပွဲကို ဆစ်ဆောင်ပနား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဂျင်ဟုန်မြို့ ရေကစားရင်ပြင်တွင် ဖွင့်လှစ်ခဲ့ပြီး ပြပွဲကို အောက်တိုဘာလ ၇ ရက်နေ့အထိကျင်းပမည်ဖြစ်သည်။
ရေကစားရင်ပြင်ရှိ အော့ဖ်လိုင်းပြပွဲဧရိယာသည် ပြည်ပနှင့်ပြည်တွင်း အဖြစ် နှစ်ပိုင်းခွဲခြားထားပြီး ပြည်ပပြပွဲဧရိယာတွင် လာအို၊ ထိုင်းနှင့် မြန်မာ စသည့်နိုင်ငံများသည် နိုင်ငံအလိုက် ပြခန်းများ စီစဉ်ထားပြီး ခရီးသည်များသည် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ အထူးထုတ်ကုန်ပစ္စည်းများကို ဝယ်ယူနိုင်သည်။