နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ကုလသမဂ္ဂ၏ ဗဟိုညှိနှိုင်းမှု အခန်းကဏ္ဍကို ထိန်းသိမ်း၊ အားဖြည့်သင့်ဟု တရုတ်ကိုယ်စားလှယ် ဆို

(GMT+08:00)2024-10-04 13:41:57  

 

  အောက်တိုဘာလ ၃ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ  ဆဋ္ဌမ ကော်မတီသည် "နိုင်ငံတကာ အကြမ်းဖက်မှု ပပျောက်စေရေး ဆောင်ရွက်ချက်များ" ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ကင်စွမ်က လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ သက်ဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆုံးဖြတ်ချက်များနှင့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ ကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ပြီး လုံခြုံရေးကောင်စီမှ အမည်တင်သွင်းထားသော အကြမ်းဖက် အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားများအား လက်တွဲ တိုက်ဖျက်ရမည် ဖြစ်ကာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ကုလသမဂ္ဂ၏ ဗဟိုညှိနှိုင်းမှု အခန်းကဏ္ဍကို ထိရောက်စွာ ထိန်းသိမ်း၊ အားဖြည့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   တရုတ်နိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်မှု ပပျောက်စေရေးနှင့် ပတ်သက်ပြီး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ခြင်း၊ နိုင်ငံတကာ ဥပဒေ စိုးမိုးရေးကို စွဲကိုင်ခြင်း၊ အထွေထွေ မူဝါဒများ ဖော်ဆောင်ရေးကို စွဲကိုင်ခြင်းနှင့် ထိရောက်မှုနှင့် စွမ်းအားများ မြှင့်တင်ရေးကို စွဲကိုင်ခြင်း အပါအဝင် တိုက်တွန်းချက်များကို ဖော်ပြခဲ့ပါသည်။