ချုပ်တည်းမှုကို ဆက်လက် ကျင့်သုံးမှာ မဟုတ်ဘဲ သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်မည်ဟု အီရန်ဆို

(GMT+08:00)2024-10-04 10:25:00  

အီရန်အစိုးရသည် အီရန်၏ တစ်ဖက်သတ် ချုပ်တည်းမှု ပြီးဆုံးသွားပြီဟု ကာတာနိုင်ငံ မှတစ်ဆင့် အမေရိကန်သို့ အကြောင်းကြားခဲ့ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာလ ၃ ရက်နေ့က Al Jazeera ရုပ်မြင်သံကြားဌာနမှ အီရန်၏ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ထုတ်ပြန်ခဲ့သည်။

၎င်းအကြောင်းကြားချက်ထဲတွင် အခြေခံ အဆောက်အအုံ တိုက်ခိုက်မှုများအပါအဝင် အစ္စရေးမှ အီရန်အား တိုက်ခိုက်မှု မှန်သမျှ အပေါ် အီရန်သည် သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဒေသတွင်းစစ်ပွဲ မဖြစ်ပွားစေလိုကြောင်းလည်း အီရန်က အလေးထား ပြောကြားခဲ့သည်။