မကြာမီက ကျင်းပခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၅ နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီသည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး အဆက်မပြတ် ကြိုးပမ်းအားထုတ်ကာ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူမှုရေး ရေရှည် တည်ငြိမ်ခြင်း ဖြစ်သည့် အံ့သြဖွယ်ရာ နှစ်ရပ်ကို ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှာ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီ အတွေးအခေါ်ကို တင်ပြခဲ့ပါသည်။ အနောက်နိုင်ငံများ၏ ဒီမိုကရေစီ စနစ်နှင့် မတူဘဲ တရုတ်နိုင်ငံ၏ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီသည် ဖြစ်စဉ် ဒီမိုကရေစီနှင့် ရလဒ် ဒီမိုကရေစီ၊ စည်းစနစ် ဒီမိုကရေစီနှင့် အနက်သဘော ဒီမိုကရေစီ၊ တိုက်ရိုက် ဒီမိုကရေစီနှင့် သွယ်ဝိုက်ဒီမိုကရေစီ၊ ပြည်သူ့ ဒီမိုကရေစီနှင့် နိုင်ငံ၏ ရည်မှန်းချက် ဒီမိုကရေစီများ တစ်သားတည်း၊ တစ်ညီတစ်ညွတ်တည်း ပေါင်းစည်းမှုကို ဖော်ဆောင်ထားပြီး ကွင်းဆက် တစ်ရပ်လုံး၊ ကဏ္ဍ တစ်ရပ်လုံး၊ လွှမ်းခြုံမှု တစ်ခုလုံး ဖြစ်သည့် ဒီမိုကရေစီ တစ်မျိုး ဖြစ်ကာ အကျယ်ပြန့်ဆုံး၊ အစစ်မှန်ဆုံး၊ လက်တွေ့ အကျဆုံးသော ဆိုရှယ်လစ် ဒီမိုကရေစီပင် ဖြစ်ပါသည်။
ဒီမိုကရေစီသည် အနောက်တိုင်းပုံစံ တစ်မျိုးတည်းသာ ရှိခြင်း မဟုတ်ပေ။ ဒီမိုကရေစီသည် နိုင်ငံအနည်းစု၏ မူပိုင်ခွင့် မဟုတ်ဘဲ နိုင်ငံအသီးသီးမှ ပြည်သူများ၏ အခွင့်အရေး ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ဒီမိုကရေစီ ရှိမရှိ ဟူခြင်းကို ယင်းနိုင်ငံ၏ ပြည်သူများသာ အကဲဖြတ်ရခြင်း ဖြစ်သည်။ ဒီမိုကရေစီသည် အလှဆင် အခင်းအကျင်း မဟုတ်ဘဲ ပြည်သူများ ဖြေရှင်းဖို့ လိုအပ်သော ပြဿနာများကို ဖြေရှင်းရန် အတွက် ဖြစ်သည်။ လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီသော တရုတ်အသွင်ပုံစံ ဒီမိုကရေစီ ဖွံ့ဖြိုးရေး လမ်းကြောင်း တစ်ကြောင်းကို စူးစမ်း ရှာဖွေ ချမှတ်ထားပြီး သန်း ၁၄၀၀ ကျော် တရုတ်ပြည်သူများသည် ကိုယ့်ဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းကို အမှန်စင်စစ် ဖော်ဆောင်နိုင်ခဲ့သည်။ ဖြစ်စဉ် တစ်ရပ်လုံး ပြည်သူ့ ဒီမိုကရေစီ ဖြစ်ရေးသည် တရုတ်နိုင်ငံမှ အံ့သြဖွယ်ရာ နှစ်ရပ်ကို ဖန်တီးနိုင်ခဲ့ခြင်း၏ အရေးကြီး အာမခံချက်ပင်ဖြစ်သည်။ ယင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယုံကြည်စိတ်ကို မြင့်တင်လာစေပြီး လူသားများ၏ နိုင်ငံရေး ယဉ်ကျေးမှုအတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ်ပေးလိုက်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။