အီရန်မှ အစ္စရေးအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို ကြားဖြတ် ဟန့်တားပေးခြင်းတွင် အမေရိကန် စစ်သင်္ဘောများ ပါဝင်သည့် ဗီဒီယို ထုတ်ပြန်

(GMT+08:00)2024-10-04 10:27:20  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂ ရက်နေ့က အမေရိကန် ဗဟိုစစ်ဌာနချုပ်သည် လူမှုကွန်ယက် ပလက်ဖောင်းတွင် ဗီဒီယို ထုတ်ပြန်ခဲ့ပြီး ယင်းဗီဒီယိုထဲတွင် အောက်တိုဘာလ ၁ ရက်နေ့က အမေရိကန် ရေတပ်မှ ဖျက်သင်္ဘောများသည် အစ္စရေးကို အကူအညီပေးပြီး အီရန်မှ ဒုံးကျည်များကို ကြားဖြတ်ဟန့်တားပေးခဲ့ခြင်းကို ပြသထားကြောင်း သိရပါသည်။

အောက်တိုဘာလ ၂ ရက်နေ့က အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့မှ အမေရိကန် စစ်တပ်သည် အီရန်ဒုံးကျည်များ တိုက်ဖျက် ကာကွယ်ရေးတွင် ပါဝင်ကြောင်း  အတည်ပြုခဲ့သည်။ အီရန်မှ အစ္စရေးကို မတိုက်ခိုက်ခင်၊ တိုက်ခိုက်ချိန်အတွင်းနှင့် တိုက်ခိုက်မှု အပြီး ရက်များတွင် အစ္စရေးစစ်တပ်နှင့် အမေရိကန်စစ်တပ်တို့သည် ပူးတွဲကာကွယ်ရေးကို ဆောင်ရွက်ခဲ့ကြကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။