လက်ဘနွန်တွင် ဘက်စုံစစ်ပွဲဖြစ်ပွားမှုကို ရှောင်ရှားရမည်ဟု ဂူတာရက်စ် ပန်ကြား

(GMT+08:00)2024-10-02 10:46:08  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်သည် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူရုံးမှ ကြေညာချက်ထုတ်ပြန်ပြီး လက်ဘနွန်-အစ္စရေး ပဋိပက္ခ တိုးမြင့်လာခြင်းအပေါ် စိုးရိမ်မိကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းပြုလုပ်ရန် ပန်ကြားပြီး လက်ဘနွန်တွင် ဘက်စုံစစ်ပွဲ ဖြစ်ပွားခြင်းကို တတ်နိုင်သမျှနည်းလမ်းဖြင့် ရှောင်ရှားရမည်ဖြစ်ကြောင်း၊ လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားရမည်ဖြစ် ကြောင်း ဖော်ပြပါသည်။