အောက်တိုဘာလ ၁ ရက်နေ့က တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်သည် သတင်းထုတ်ပြန်ခဲ့ရာ ပူးပေါင်းတိုက်ခိုက်ရေး စွမ်းရည်များ တိုးတက်စေရန် နှင့် တောင်ပင်လယ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ကာကွယ်ပေးရန်အတွက် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု အစီအစဉ်အရ စက်တင်ဘာလ ၃၀ ရက်နေ့ မှ အောက်တိုဘာလ ၁ ရက်နေ့အထိ တောင်ပိုင်းစစ်နယ်မှ သင်္ဘောအဖွဲ့သည် တောင်ပင်လယ်၌ ကင်းလှည့်မှုများကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။