တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးမည်

(GMT+08:00)2024-10-02 10:45:11  

   မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားကြီးနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးနေပါသည်။ တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို မည်သို့ တွန်းအားပေးမည်နည်း။ ကမ္ဘာကြီးအတွက် မည်သို့သော အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးမည်နည်း။ စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲမှာ သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် အဖြေပေးလိုက်ပါသည်။

   "တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို စွဲကိုင်ရမည်"၊ "တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လမ်းကြောင်းကို စွဲကိုင်ရမည်"၊ "ပြည်သူများသာ အဓိကထားခြင်းကို စွဲကိုင် ရမည်"၊ "ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းကြောင်းကို စွဲကိုင်ရမည်"။ သမ္မတ ရှီကျင့်ဖိန်က ဖော်ပြခဲ့သော ယင်း "စွဲကိုင်ရခြင်း" လေးရပ်သည် တရုတ်အသွင်ပုံစံ ခေတ်မီရေးအတွက် ဦးတည်ချက်ကို ညွှန်ပြထားပါသည်။

   အနာဂတ်တွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် ကမ္ဘာကြီးအတွက် ပိုမို များပြားသော အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးလာမည်။

   တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို လျှောက်လှမ်းသော ခေတ်မီရေး ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုကို အားကောင်းစွာ တွန်းအားပေးမည် ဖြစ်ပါသည်။

   တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် နိုင်ငံအသီးသီးတို့နှင့် အကျိုးတူ ဖွံ့ဖြိုးမှုကို အားကောင်းစွာ တွန်းအားပေးမည် ဖြစ်ပါသည်။

   တရုတ်အသွင်ပုံစံခေတ်မီရေးကို တွန်းအားပေးသည်နှင့်အမျှ တရုတ်နိုင်ငံ၏ ထူးခြားသော ဖွံ့ဖြိုးရေးလမ်းကြောင်းသည် ကမ္ဘာကြီးအတွက် ပိုမို နက်ရှိုင်းသော အသိဉာဏ် လမ်းစတွေကို ဆောင်ကြဉ်းပေးနိုင်မည်။

   တစ်ချိန်တည်းတွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး စည်းစနစ် ပိုမို ပြည့်စုံကောင်းမွန်လာအောင်၊ ပိုမို တရားနည်းလမ်းကျအောင် အားကောင်းစွာ တိုးမြှင့်ပေးမည် ဖြစ်ပါသည်။

   အနာဂတ်တွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် အရည်အသွေး ပိုမို မြင့်မားသော ဖွံ့ဖြိုးတိုးတက်ခြင်း၊ အရည်အချင်း ပိုမို မြင့်မားသော တံခါးဖွင့်လှစ်ခြင်းတို့ဖြင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းအသစ်များကို ဆောင်ကြဉ်းပေးလာမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံ လိုက်စားနေသည်မှာ တစ်ကိုယ်တည်းသာ ခေတ်မီရေး မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အသီးသီးတို့နှင့်အတူ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော၊ အတူတကွ စည်ပင်သာယာသော နိုင်ငံတကာ ခေတ်မီရေးကို အကောင်အထည်ဖော်ဆောင်ရန် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။