ကနေဒါသည် တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများအတွက် 100% ထပ်လောင်းအခွန် စည်းကြပ်၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက တရားစွဲဆိုပြီဟုဆို

(GMT+08:00)2024-10-02 10:44:22  

တရုတ်လျှပ်စစ်ကားများအပေါ် ကနေဒါ၏ ထပ်လောင်းအခွန်စည်းကြပ်မှုနှင့် တရုတ်သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအပေါ် ထပ်လောင်းအခွန်စည်းကြပ်ရမည့် နောက်ဆုံးထုတ်ကုန်စာရင်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

ကနေဒါ၏ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု အကာအကွယ်ပေးရေး လုပ်ရပ်နှင့်ပတ်သက်၍  WTO တွင် တရုတ်နိုင်ငံက တရားစွဲထားပြီး ကနေဒါ၏ သက်ဆိုင်ရာ အကန့်အသတ်ဆောင်ရွက်ချက်များအပေါ် ဥပဒေနှင့်အညီ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြောင်း၊ ကနေဒါသည် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆင်ခြင်တုံတရားနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်ပြီး အဖြစ်မှန်ကို ရိုသေလေးစားကာ WTO စည်းမျဉ်းများကို လိုက်နာ၍ မှားယွင်းသော လမ်းကြောင်းကို ဆက်လက်မလျှောက်လှမ်းသင့်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်မြဲစွာကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါသည်။