တရုတ်နှင့် ရုရှား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်ခြင်း အတွက် ရှီကျင့်ဖိန်နှင့် ပူတင်တို့ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2024-10-02 10:43:40  

   အောက်တိုဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား သမ္မတ  ပူတင်တို့သည် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် မိမိသည် တရုတ်နှင့် ရုရှား ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ သမ္မတ ပူတင်နှင့်လက်တွဲပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်ခြင်းကို အခွင့်ကောင်းအဖြစ်ထားပြီး နှစ်ဖက်အကြား ကဏ္ဍစုံ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် တိုးချဲ့ပြီး နှစ်နိုင်ငံ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီ တည်ဆောက်ရေးကို လက်တွဲ တွန်းအားပေး၍ ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေးကို တွန်းအားပေးရန်အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များ ပြုလုပ်လိုကြောင်း ဖော်ပြထားပါသည်။

  ပူတင်၏ သဝဏ်လွှာတွင် လက်ရှိအချိန်တွင် ရုရှား-တရုတ် ဆက်ဆံမှုသည် သမိုင်း၏ အမြင့်ဆုံး အဆင့်အတန်း၌ တည်ရှိနေကြောင်း၊ နှစ်ဖက်တို့သည် နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပြုလုပ်ပြီး နိုင်ငံတကာနှင့် ဒေသရေးရာများတွင် အကျိုးဖြစ်ထွန်းမှု ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ကြကာ တရားမျှတသော multipolar နိုင်ငံတကာ ဖွဲ့စည်းပုံ တည်ဆောက်ရေးအတွက် လက်တွဲ ကြိုးပမ်းနေခဲ့ကြကြောင်း ဖော်ပြခဲ့ပါသည်။