မကြာမီတွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးများသည် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်မည်

(GMT+08:00)2024-10-02 10:44:01  

        မကြာမီတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများသည် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်မည်ဖြစ်ပြီး ဘက်ပေါင်းစုံမှ အာရုံစိုက်ကြသော လျှပ်စစ်ကားအပေါ် ကန့်သတ်ချက်များ အပါအဝင် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု နှင့် နှစ်ဖက်စလုံး အာရုံစိုက်ကြသော စီးပွားကုန်သွယ်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမြင်ချင်း နက်ရှိုင်းစွာ ဖလှယ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖုန်းခေါ်ဆိုမှုသည် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဌာနများအကြား ဆွေးနွေးမှုနှင့် ဆက်သွယ်မှု စနစ်တစ်ခုဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ အကြား ဆက်သွယ်မှုသည် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအကြား အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများအတွက် အခြေအနေကောင်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။