အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခံရသော အီရှီဘာ ရှိဂေရူအား ထောမနာပြု သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် ဂျပန် နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ ဘိုးစဉ်မြေးဆက် ချစ်ခင်ရင်းနှီးသော၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော၊ အတူဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဂျပန်နိုင်ငံ အနေနှင့် တရုတ်နှင့် ဂျပန် နိုင်ငံရေးစာတမ်းလေးရပ်ပါမူနှင့် သဘောတူညီချက်များကို လိုက်နာပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာ အပြန်အလှန် အကျိုးရှိစေရေး ဆက်ဆံမှုကို ဘက်စုံ တွန်းအားပေးကာ ခေတ်သစ်၏ လိုအပ်ချက်နှင့် ကိုက်ညီသော အပြုသဘောဆောင်ပြီး တည်ငြိမ်သော တရုတ်-ဂျပန် ဆက်ဆံမှု တည်ဆောက်ရေးအတွက် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
ယင်းနေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည်လည်း အီရှီဘာ ရှိဂေရူအား ထောမနာပြု သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။