ယနေ့ အောက်တိုဘာလ ၁ ရက်နေ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၅နှစ်မြောက်နေ့ ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ် အာကာသစခန်း၌ တာဝန်ကျသည့် Shenzhou -၁၈ ၏ ယာဉ်မှူးများ ဖြစ်ကြသော Ye Guangfu ၊ Li Cong နှင့် Li Guangsu တို့သည် အာကာသ၌ ၅ လကျော်ကြာ နေထိုင်ခဲ့ပြီဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် တရုတ် အမျိုးသားနေ့ကို ကြိုဆိုခဲ့ကြသည်။
“အရမ်း ပျော်ပါတယ်၊ မြေပြင်မှာ နေ့ရောညပါ အလုပ်လုပ်ဆောင်ကြတဲ့ ဝန်ထမ်းများကို ကျေးဇူးတင်ပါတယ် ”ဟု Li Guangsu က ဆိုသည်။
“အရမ်း ကံကောင်းပါတယ်၊ ပေးအပ်သော တာဝန်များကို ထိရောက်အောင်မြင်စွာ ပြီးမြောက်အောင်လုပ်ဆောင်မှာပါ ”ဟု Li Congက ဆိုသည်။
“အရမ်းဂုဏ်ယူမိပါတယ်၊ တရုတ်နိုင်ငံရဲ့ အာကာသလုပ်ငန်းအတွက် လက်မထောင်ပါတယ်”ဟု Ye Guangfuက ဆိုသည်။