၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် Wuzhen ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်နိုင်ငံ Wuzhenမှာ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။
ယခုအကြိမ် Wuzhen ထိပ်သီးအစည်းအဝေး သည် AIနည်းပညာကို ဘက်စုံအာရုံစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၊ ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲရေး၊ ကွန်ရက်တရားဥပဒေစိုးမိုးရေး၊ အင်တာနက်ယဉ်ကျေးမှုဖလှယ်မှုနှင့် အပြန်အလှန်လေ့လာရေး၊ ဒစ်ဂျစ်တယ်ပညာရေး၊ လူငယ်နှင့် ဒစ်ဂျစ်တယ်အနာဂတ်၊ AIနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စီမံအုပ်ချုပ်မှု၊ ကွန်ရက်လုံခြုံမှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစသည့် ခေါင်းစဥ်များဖြင့် ဖိုရမ်ခွဲ ၂၄ ခုကျင်းပမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အင်တာနက်ကွန်ဖရင့်သည် ကမ္ဘာတစ်ဝှမ်းမှ အသိဥာဏ်ပညာဆိုင်ရာ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ပြီး AIနည်းပညာလုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ အခွင့်အလမ်းသစ်များကို အတူတကွကိုင်ဆောင်ကာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ပြီး AIနည်းပညာဖြင့် လူသားတို့အတွက် အကျိုးဆောင်ပေးမှု မြှင့်တင်ခြင်းကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါသည်။