တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ ညက ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဧည့်ခံပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၇၅ နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီသည် တစ်ပြည်လုံးရှိ တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများကိုဦးဆောင်ပြီး စည်းလုံးညီညွတ်မှုဖြင့် အားထုတ်ကြိုးပမ်းကာ အံ့ဖွယ်နှစ်ရပ်ဖြစ်သည့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေး ရေရှည်တည်ငြိမ်မှုတို့ကို ဖန်တီးနိုင်ခဲ့ကြောင်း၊တရုတ်နိုင်ငံတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာ၍ တရုတ်လူမျိုးများ၏ ကြီးမြတ်သော ရှင်သန်ရေးသည် ရှေ့သို့ပင် တိုးတက်ရန် သမိုင်းဖြစ်စဉ်သို့ ဝင်ရောက်ပြီဖြစ်ကြောင်း၊ ခေတ်သစ်နှင့် ခရီးသစ်တွင်၊ တရုတ်ပြည်သူများသည် ပိုမိုတောက်ပသော အောင်မြင်မှုသစ်များကို ဖန်တီးနိုင်မှာသေချာပြီး လူသားတို့၏ မြင့်မြတ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် ကြီးမားသော စွမ်းဆောင်မှုအသစ်များကို ဖန်တီးကြမည် ဖြစ်ကြောင်း ပြောကြားပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲကို ဘေကျင်း၌ ကျင်းပ
(GMT+08:00)2024-10-01 12:04:19