လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ≠ လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းဆိုင်ရာဆောင်ရွက်မှု ၊ တောင်ပင်လယ်အသံ မှတ်တမ်းကား "မြူခိုးတွေကြား တောင်ပင်လယ်မှာ ရေကြောင်းသွားလာမှု အမှန်တရား"ကို ထုတ်လွှင့်ပြသ

(GMT+08:00)2024-10-01 12:04:41  

စက်တင်ဘာလ ၂၇ ရက်နေ့က တရုတ်တတ်သိပညာရှင်များအဖွဲ့ SCSPI မှ "တောင်ပင်လယ်ရေကြောင်းသွားလာမှုနှင့် ပျံသန်းမှုအခြေအနေအစီရင်ခံစာ" ကို ဘေကျင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာ၏ တရားဝင်အချက်အလက်များကို အခြေခံ၍ China Media Group ၏ တောင်ပင်လယ်အသံ မှတ်တမ်းတင်ကား "မြူခိုးတွေကြား တောင်ပင်လယ်မှာ ရေကြောင်းသွားလာမှု အမှန်တရား"ကိုစတင်ထုတ်လွှင့်ပြသခဲ့ပါသည်။

နိုင်ငံတကာဥပဒေမှ ပံ့ပိုးထားသော "လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်" သည် အမေရိကန်မှ ချဲ့ကားဝါဒဖြန့်ပြောဆိုထားသော "လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းဆိုင်ရာ ဆောင်ရွက်မှု" နှင့် လုံးဝကွဲပြားသော အယူအဆနှစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသည် ပြည်ပမှ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ချိုးဖောက်ကျူးလွန်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် ဆောင်ရွက်ချက်များသည် နိုင်ငံတကာ ကျင့်ထုံးများနှင့်ကိုက်ညီပြီး တရားဝင် ဖြစ်ကာ တရားနည်းလမ်း ကျပါကြောင်း ယင်းမှတ်တင်ကားတွင် အထူးဖော်ပြသည်။