ဒုတိယအကြိမ် ချင်းဇန့် ကုန်းပြင်မြင့် သိပ္ပံလေ့လာရေးအဖွဲ့သည် ချင်းဇန့် ကုန်းပြင်မြင့်တွင် အထူ ၄၀၀ မီတာနီးပါးရှိသော ရေခဲမြစ်ကို တွေ့ရှိ

(GMT+08:00)2024-09-30 12:53:52  

ဒုတိယအကြိမ် ချင်းဇန့် ကုန်းပြင်မြင့် သိပ္ပံလေ့လာရေး အထင်ကရ လှုပ်ရှားမှုဖြစ်သော "လွင်ပြင်တစ်ခု၊ ရေကန်နှစ်ကန်နှင့် မြစ်သုံးစင်း"ကို ယခုနှစ် သြဂုတ်လ ၁၈ရက်နေ့မှစပြီး ချင်းဇန့် ကုန်းပြင်မြင့်ရှိ ပင်လယ်ရေမျက်နှာပြင်ထက်မြင့်သည့် ဒေသများတွင် ပြုလုပ်ခဲ့ပြီး သိပ္ပံလေ့လာရေး အဖွဲ့ ၆ ဖွဲ့၏  အဖွဲ့ခွဲငယ် ၁၅ ဖွဲ့မှ အဖွဲ့ဝင် ၄၀၀ ကျော် ပါဝင်ခဲ့ပါသည်။ စက်တင်ဘာလ ၃၀ရက်နေ့တွင် အဓိကတာဝန်များ အခြေခံအားဖြင့် ပြီးမြောက်ခဲ့ပြီး၊ အရေးကြီးသော သိပ္ပံလေ့လာရေးအောင်မြင်မှုများစွာ ရရှိခဲ့ပါသည်။

ဒုတိယအကြိမ် ချင်းဇန့် ကုန်းပြင်မြင့် သိပ္ပံလေ့လာရေးဖွဲ့ ခေါင်းဆောင်၊ တရုတ်သိပ္ပံပညာတံခွန်အသင်းသုတေသီ Yao Tandong က ရေခဲထုတူးဖော်ရေးအဖွဲ့သည် ရေဒါအထူတိုင်းတာရေးနည်းပညာဖြင့် Puruogangri ရေခဲပြင်၌ ချင်းဇန့်ကုန်းပြင်မြင့်ရှိ အထူဆုံး ရေခဲမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အထူက ၄၀၀ မီတာနီးပါးရှိကြောင်း ပြောကြားခဲ့ပါသည်။