“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ကနေဒါ သီးသန့်လှုပ်ရှားမှုကို ဒေသစံတော်ချိန် စက်တင်ဘာလ ၂၅ ရက်နေ့ညက အော့တာဝါမြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ ယခုတစ်ကြိမ်လှုပ်ရှားမှုကို China Media Group နှင့် ကနေဒါဆိုင်ရာ တရုတ်သံရုံးတို့ ပူးတွဲဦးစီးကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ကနေဒါ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာလောကမှ ကိုယ်စားလှယ် ဧည့်သည်တော် စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။
“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ကနေဒါ သီးသန့်လှုပ်ရှားမှု ကျင်းပ
(GMT+08:00)2024-09-30 11:25:40