ဒေသစံတော်ချိန် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်မြို့တော် ဘေရွတ်ကို လေကြောင်း တိုက်ခိုက်မှု အသစ် ပြုလုပ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။ ထိုမတိုင်ခင် လက်ဘနွန်မြို့တော် ဘေရွတ်တွင် ပေါက်ကွဲသံ များစွာ ကြားရပြီး တစ်ချိန်တည်းမှာပင် အစ္စရေးစစ်တပ်သည် လက်ဘနွန် အရှေ့မြောက်ပိုင်းရှိ ဟယ်မယ် နှင့် ပတ်ဝန်းကျင်ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒေသစံတော်ချိန် ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနသည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်မှ လက်ဘနွန်တောင်ပိုင်းဒေသရှိ ဘယ်ကာ၊ ဘာဘပ်-ဟယ်မယ်၊ ဘေရွတ် တောင်ပိုင်းဆင်ခြေဖုံးရှိ မြို့နယ်နှင့်ရွာများအား တိုက်ခိုက်မှုများကြောင့် လူ ၁၀၅ ဦး သေဆုံးပြီး ၃၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က လက်ဘနွန်မြို့တော် ဘေရွတ်ကို လေကြောင်းတိုက်ခိုက်မှုအသစ် ပြုလုပ်
(GMT+08:00)2024-09-30 13:36:49