အယ်လ်ဂျာဇီးရားနှင့် ရိုက်တာသတင်းဌာနတို့မှ သတင်းအရ ဒေသစံတော်ချိန် စက်တင်ဘာလ ၃၀ ရက်နေ့က ပါလက်စတိုင်းလွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစု (PFLP) မှ ခေါင်းဆောင် သုံးဦးသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု ၄င်းအဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။
ထိုနေ့နံနက်အချိန်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ရှိ လူနေအဆောက်အအုံတစ်ခုအား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ကြောင်း လက်ဘနွန်ရှိ Jadid ရုပ်မြင်သံကြားဌာနမှ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းသည် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဘေရွတ်မြို့ကို အစ္စရေးက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။