ဒေသစံတော်ချိန် စက်တင်ဘာလ ၂၈ ရက်နေ့က China Media Group ဦးစီးကျင်းပသော“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် အမေရိကန်သီးသန့်လှုပ်ရှားမှုကို နယူးယောက်မြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ အမေရိကန် ကဏ္ဍအသီးသီးမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ၊ တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ ကိုယ်စားလှယ် ဧည့်သည်တော် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။
“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် နယူးယောက်သီးသန့်လှုပ်ရှားမှု ကျင်းပ
(GMT+08:00)2024-09-30 11:35:35