စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစ္စရေးက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် လက်ဘနွန် Hezbollah ခေါင်းဆောင် Nasrallah သေဆုံးခဲ့ခြင်း နှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်က မည်သို့ ထင်မြင်သုံးသပ်သနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် သက်ဆိုင်ရာ အဖြစ်အပျက်ကို အာရုံစိုက်ပြီး ဒေသတွင်း တင်းမာသော အခြေအနေ ဆိုးဝါးသွားခြင်းအပေါ် လေးလေးနက်နက် စိုးရိမ်မိကြောင်း၊ တရုတ်နိုင်ငံသည် လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကျူးလွန်ထိပါးမှုများကို ဆန့်ကျင်ကြောင်း၊ အပြစ်မဲ့ အရပ်သားများ ထိခိုက်နစ်နာစေသည့် လုပ်ရပ်အားလုံးကို ဆန့်ကျင်ပြီး ပြစ်တင်ရှုံ့ချကြောင်း၊ ပဋိပက္ခများ ပြင်းထန်ဆိုးဝါးစေပြီး ဒေသတွင်း အခြေအနေ တင်းမာစေသည့် လုပ်ရပ် မှန်သမျှကို ဆန့်ကျင်ကြောင်း၊ ပဋိပက္ခများ ပိုမိုပြင်းထန် မသွားစေရန် နှင့် မထိန်းချုပ်နိုင်မှု မဖြစ်စေရန်အတွက် ပဋိပက္ခတွင် ပါဝင်သည့် ဘက်အသီးသီးတို့ အထူးသဖြင့် အစ္စရေးအနေနှင့် အခြေအနေကို အဆင်ပြေလျှော့ပေါ့စေရန် ဆောင်ရွက်မှုများ ချက်ခြင်းပြုလုပ်ရန် တရုတ်နိုင်ငံမှ တိုက်တွန်းကြောင်း ပြောကြားသည်။