ရှီကျင့်ဖိန်သည် တရုတ်CFHIမှ အလုပ်သမားကိုယ်စားလှယ်များအား ပြန်စာဖြင့် အားပေးခဲ့

(GMT+08:00)2024-09-29 13:50:50  

ယခုရက်ပိုင်းအတွင်း  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်း ရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် China First Heavy Industriesမှ အလုပ်သမားကိုယ်စားလှယ်များထံသို့ စာပြန်ပို့ခဲ့ရာတွင် ၎င်းတို့အား ရင်းနှီးစွာ အားပေးပြီး မျှော်လင့်ချက်များ အပြည့်အဝ ထားရှိကြောင်း  အားပေးစကား ပြောကြား ခဲ့ ပါ သည်။

ရှီကျင့်ဖိန်က ဗဟိုလုပ်ငန်းကုမ္ပဏီအနေနှင့် ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ် တီထွင်ရေးကို နက်ရှိုင်းစွာဆောင်ရွက်ရကြောင်း၊ အမြုတေစွမ်းဆောင်ရည်ကို မြှင့်တင် ရကြောင်း၊ အမြုတေယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ရကြောင်း၊ တရုတ်ပုံစံ ခေတ်မီရေးဖြင့် နိုင်ငံတော် အားကောင်းစေရေးတည်ဆောက်မှု နှင့် အမျိုးသား ပြန်လည် ရှင်သန် စေရေးလုပ်ငန်းကို တွန်းအားပေးရန်အတွက် ပိုပြီးတော့ အကျိုးပြုစွမ်းဆောင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

China First Heavy Industries group ကုမ္ပဏီလီမိတက်သည် တရုတ်နိုင်ငံ စက်မှု လုပ်ငန်းနယ်ပယ်၌ အရေးကြီးသည့် အဓိကကုမ္ပဏီဖြစ်ပြီး ဌာနချုပ်သည် ဟေလုံကျန်း ပြည်နယ် Qiqiharမြို့၌ တည်ရှိကြောင်း သတင်းအရ သိ ရှိရသည်။