မကြာခင်က တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနသည် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီး မြန်မာ နိုင်ငံ သက်ဆိုင်ရာ ဌာနနှင့် ဥပဒေ ကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ကာ ပထမဆုံး အကြိမ် အဖြစ် မြန်မာ နိုင်ငံ ရန်ကုန်၊ မန္တလေး စသည့် ဒေသများတွင် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှု အဖွဲ့မှ အဓိက ခေါင်းဆောင်နှင့် အမာခံအဖွဲ့ဝင် ၂၀ဦးကို ဖမ်းဆီး၍ လေကြောင်းကုမ္ပဏီမှ စင်းလုံးငှါး လေယာဉ် တစ်စင်းဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့ ရဲဌာနများ အကြား ဥပဒေ ကျင့်သုံးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ကြီးမားသော အထင်ကရ အောင်မြင်မှု နောက်တစ်ခု ဖြစ်ကြောင်း သတင်းအရ သိရှိ ရသည်။
မြန်မာ နိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှု အဖွဲ့ မှ အဓိက ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂၀ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်
(GMT+08:00)2024-09-29 14:00:44