တရုတ်ဝိသေသလက္ခဏာများဖြင့် တိုင်းရင်းသားပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး လမ်းကြောင်းနှင့်ပတ်သက်ပြီး ရှီကျင့်ဖိန် သည် ရှင်းလင်းဖော်ပြ

(GMT+08:00)2024-09-29 13:49:19  

    စက်တင်ဘာလ ၂၇ ရက်နေ့က တရုတ်ထိပ်သီးခေါင်းဆောင် ရှီကျင့်ဖိန် သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ထူးချွန်စွာ စွမ်းဆောင်ပေးခဲ့သည့် စံပြအုပ်စုနှင့် စံပြပဂ္ဂိုလ်များအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ပြီး  အမှာစကားပြောကြားခဲ့ပါသည်။
    ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့သည့် အနှစ် ၁၀၀ ကျော် အတွင်းတွင် တရုတ်ဝိသေသလက္ခဏာများဖြင့် တိုင်းရင်းသားပြဿနာကို ကိုင်တွယ် ဖြေရှင်းရေးလမ်းကြောင်းတစ်ခုကိုဖန်တီးခဲ့ကြောင်း၊ ၄င်းလမ်းကြောင်းမှာ တရုတ်အမျိုးသား အရင်းခံအကျိုးစီးပွားနှင့် အလုံးစုံအကျိုးစီးပွားကို အခြေခံပြီး တိုင်းရင်းသားအားလုံးကို တတ်နိုင်သမျှ စုစည်းကာ တိုင်းရင်းသားအားလုံး၏ အတူတကွ စည်းလုံးညီညွတ်မှုနှင့် ကြိုးပမ်းအားထုတ်မှု၊ အတူတကွသာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင် အထည်ဖော်ကြောင်း၊ တိုင်းရင်းသားအားလုံး၏ တန်တူညီမျှမှုကို စွဲကိုင်ထားပြီး တိုင်းရင်းသားဖိနှိပ်မှုနှင့် တိုင်းရင်းသားခွဲခြားမှုများကို ဆန့်ကျင်ကာ တိုင်းရင်းသား ပြည်သူအားလုံး တန်းတူညီမျှသော နိုင်ငံရေးအခွင့်အရေးကို အမှန်တကယ်ရရှိစေပြီး မိမိနိုင်ငံ၏ သခင်ဖြစ်လာရန် အာမခံပေးကြောင်း၊ နိုင်ငံတော်တစ်ပေါင်းတစ်စည်းတည်း ဖြစ် ရေးနှင့် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးအကြား ဆက်ဆံရေးကို မှန်ကန်စွာ ရှုမြင်ပြီး တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေါင်းစပ်ခြင်း ၊ တိုင်းရင်းသားအကြောင်းအရာများနှင့် ဒေသအကြောင်းအရာများ ပေါင်းစပ်ခြင်းတို့ကို စွဲကိုင်ထားကာ တရုတ်အမျိုးသားကံကြမ္မာတူအသိုက်အဝန်းဖြစ်လာရန် တွန်းအားပေး ကြောင်း၊ ၄င်းလမ်းကြောင်းမှာ လုံးဝမှန်ကန်သည်ဟု သက်သေပြခဲ့ကြောင်း ရှင်းလင်း ဖော်ပြခဲ့ပါသည်။