ယခုလ ၂၉ရက်နေ့ နံနက်ပိုင်းက တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် အမျိုးသားဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပွဲ အခမ်းအနားကို ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့သည်။ တရုတ် ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၄င်းအခမ်းအနားတွင် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် တရုတ် နိုင်ငံသည် တရုတ် အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသား ပြန်လည် ရှင်သန်ရေးကို ဘက်စုံ ဖော်ဆောင်နေသည့် သော့ချက်ကျသော အချိန်ကာလတွင် ရှိနေကြောင်း၊ ပါတီ တစ်ရပ်လုံး၊ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသား လူမျိုးစုံ ပြည်သူများသည် အမျိုးသား ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် အမျိုးသားဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများကို စံပြ အဖြစ် သဘောထားပြီး စည်းလုံးညီညွတ်စွာ အားထုတ်ကြိုးပမ်း၍ အခက်အခဲများကို ကျော်လွှားကာ ရှေ့သို့ချီတက်ပြီး အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက် ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။