စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များနှင့် ဆု များ ချီးမြှင့်ပွဲ အခမ်းအနားကို ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမ ဆောင်ကြီး တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များနှင့် ဆု ရရှိသူများအား ဆုတံဆိပ်များ ချီးမြှင့် ခဲ့ပါသည်။
အခမ်းအနားတွင် ရှီကျင့်ဖိန် မှ လက်မှတ်ရေးထိုးထားသော တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတ အမိန့်ကို ဖတ်ကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတအမိန့်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သည့် ၇၅ နှစ် ပြည့် မြောက်ခြင်းကို ဂုဏ်ပြု ထောမနာပြုသည့်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ဆောက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများတွင် ထူးချွန်စွာ စွမ်းဆောင်ပေးခဲ့သည့် စံပြပုဂ္ဂိုလ်များအား ချီးကျူး ဂုဏ်ပြုရန်၊ အမျိုးသားစိတ်ဓာတ်နှင့် ခေတ်စိတ်ဓာတ်ကို ထွန်းကားစေရန်အတွက် ၁၄ ကြိမ် မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၁၁ကြိမ်မြောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ Wang Yongzhi အပါအဝင် လူ ၄ ဦးအား နိုင်ငံတော် ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်ပြီး Dilma Rousseff အား ချစ်ကြည်ရေး တံဆိပ်ကို ချီးမြှင့်ကာ Wang Xiaomo အပါအဝင် လူ ၁၀ ဦးအား နိုင်ငံတော် ဂုဏ် ထူး ဆောင် ဘွဲ့ တံဆိပ် များကို ချီးမြှင့်ခဲ့ ကြောင်း သိရှိရ သည်။
ရှီကျင့်ဖိန် သည် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဆုတံဆိပ် ရရှိသူများအား ဆု များ ချီးမြှင့်
(GMT+08:00)2024-09-29 13:44:18